eng
competition

Text Practice Mode

Myanmar Typing

created Oct 21st, 06:51 by Hnin


0


Rating

93 words
1 completed
00:00
ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံရောနှော နေထိုင်သော တိုင်းပြည်ဖြစ်သည်။ ထို တိုင်းရင်းသား လူမျိုးများသည် သမိုင်းအကြောင်းအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ယဥ်ကျေးမှူ၊ ဘာသာစကားနှင့် ကိုးကွယ် ယုံကြည်မှူအရသော်လည်းကောင်း မတူကွဲပြားနေကြပါသည်။ ထိုမတူကွဲပြားမှူများကို အပြန်အလှန် လေးစားအသိအမှတ်ပြုရန် လိုအပ်ပါသည်။ ထိုသို့ လေးစားအသိအမှတ်ပြုမှသာ တိုင်းရင်းသားလူမျိုး အချင်းချင်းအကြား ညီညွတ်မျှတသော စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ပေမည်။
တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား အပြန်အလှန် လေးစားအသိအမှတ်ပြု၍ နားလည်မှုဖန်တီးရန် အခြေခံ လိုအပ်ချက်မှာ လူမျိုးတစ်မျိုး၍ အကြောင်းကို အခြားလူမျိုးက သိရှိနားလည်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ သိရှိနနားလည်ရန် အချင်းချင်း အကြောင်းကို သင်ကြားလေ့လာရန် လိုအပ်ပါသည်။ သို့ရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအချင်းချင်းအကြား လေ့လာသင်ကြားခြင်း မရှိသလောက် နည်းပါးနေသည်။ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်စနစ်တို့၏ အပြန်အလှန်အားပြိုင်မှုကြောင့် တိုင်းရင်းသား လူမျိုးအကြောင်းကို လေ့လာသင်ကြားရန် မဆိုထားဘိ၊ ထိုလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဥ်ကျေးမှု တိမ်ကောပပျောက်ရေးကိုပါ နိုင်ငံရေးလမ်းစဥ်တစ်ရပ်အဖြစ် ကျင့်သုံးခဲ့ကြောင်း ဝမ်းနည်းစွာ တွေ့ကြုံခဲ့ရပါသည်။  
အနှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်ကို ရပ်စဲ၍ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများကို အထောက်အကူပြုရန် တိုင်းရင်းသား လူမျိုးရေးရာ သုတေသနအသင်းကို တည်ထောင်ခဲ့သည်။ ထိုအသင်းမှ တိုင်းရင်းသားလူမျိုးရေးရာ စာအုပ်စာတမ်းများကို ကြိုးစားပမ်းစား ထုတ်ဝေလျက်ရှိပါသည်။ ထိုအစီအစဥ်တွင် ယခု ဒေါက်တာဗန်ကုန်း ရေးသားပြုစုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကြောက်တရားမှ လွတ်မြောက်ခြင်းအား သမ္မာကျမ်းစာ ရှု့ထောင့်မှ ဖတ်ရှုခြင်းစာအုပ်ကို ထုတ်ဝေလိုက်ရပါသည်။

saving score / loading statistics ...