eng
competition

Text Practice Mode

သင့်ကိုယ်သင်ချင့်တွက်ပါ

created Dec 16th 2021, 15:59 by thaenandartun


1


Rating

110 words
0 completed
00:00
“ထိရောက်အကျိုးရှိတဲ့ အချိန်စီမံခန့်ခွဲမှုမှာ ပထမအဆင့်က မိမိကိုယ်ကို သိမှု(self-awareness)ဖြစ်ပါတယ်။သင့်မှာ နေ့စဉ်ပုံမှန်ဆောင်ရွက်နေရတဲ့ တာဝန်အမျိုးစားတွေအကြောင်း၊တာဝန်တစ်ခုဆီကို အချိန်ဘယ်လောက်ပေးတယ် ဆိုတဲ့အကြောင်းတွေနဲ့ ယေဘုယအသိတော့ရှိမှာပါ။ ဒါပေမဲ့ သိတာနဲ့ လက်တွေ့ဖြစ်တာက အမြဲထပ်တူမကျနိုင်ပါဘုး။ ပိုတွကမိတာပဲ ဖြစ်ဖြစ်၊လျော့တွက်မိတာဖြစ်ဖြစ် ဟာကွက်တွေရှိလာရင် သင့်အတွက်အကူညီမဖြစ်နိုင်ပါဘုး။ ဒီအတွက် အချက်မှားယွင်းမှုတွေက သင့်ရဲ့အချိန်တွေဘယ်ကိုသွားနေလဲ ဆိုတာမသိနိုင်တဲ့ မပြီးသေးတဲ့ ပန်းချီကားတစ်ချပ်ကိုသာ သင်နဲ့အတူ ထားရစ်သွားနိုင်ပါတယ်။ ဒါကြောင့် အချိန်ကို အမှန်တကယ် ခြေရာကောက်ကြည့်တာက အရေးကြီးတာပါ။ သင်လုပ်ဆောင်ရတဲ့ တာဝန်တွေနဲ့ အဲဒီ တာဝန်တစ်ခုချင်းဆီိကို အချိန်ဘယ်လောက်ပေးလုပ်ဆောင်ရတယ်ဆိုတာ တစ်ပတ်(သို့မဟုတ်) နှစ်ပတ်စာလောက် မှတ်တမ်းထားကြည့်ပါ။ ဒီအခန်းမှာခြေရာကောက် အစီအစဉ်တစ်ခု ဘယ်လိုပြင်ဆင်ရမယ် ဆိုတာသင့်ကိုပြသပေးသွားမှာပါ။ အချိန်ကိုခြေရာကောက်ကြည့်တာက အလုပ်ရှုပ်သယောင်ခံစားရမှာအမှန်ပါပဲ။ဒါပေမဲ့ အဲဒီအတွက် ပေးရတဲ့အချိန်ကို နည်းနိုင်သမျှနည်းအောင်လုပ်ထားလို့ရပြီး ဒီနည်းကသင့်ရဲ့ အချိန်တွေကို ဘယ်လောက်သုံးလို့ဘယ်လောက်ဖြုန်းတယ်ဆိုတာ တိတိကျကျသိနိုင်တဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကျင့်တွေကို ပိုသိလာလေ သာလွန်ကောင်းမွန်တဲ့ အချိန်စီမံခန့်ခွဲမှုအစီအစဉ်တွေနဲ့ရှေ့ဆက်ချရမယ့် ဆုံးဖြတိချက်တွေလုပ်ဆောင်နိုင်ဖို့ အချက်အလက်ကို ပိုရနိုင်လေ ဖြစ်မှာပါ။ သင့်ရဲ့ရည်မှန်းချက်တွေကိုဖော်ထုတ်ပါ။သင့်ရဲ့လုပ်ငန်းဆောင်တာတွေကို ခြေရာကောက်ခြင်းမစခင်မှာ ဒီလေ့ကျင့်ခန်းကို သင်လုပ်ဆောင်နေရတဲ့ အကြောင်းကို ဖော်ထုတ်ပါ။အချိန်ကိုပိုကောင်းကောင်းစီမံပြီးတော့ သင်ဘာကို ဖြစ်မြောက်ချင်တာလဲ။ ဒီမေးခွန်းက အချိန်ပေးစဉ်းစားစရာမလိုအောင်ရိုးရှင်းတယ် လို့ထင်ရပါတယ်။ဒါပေမယ့်သင့်ရဲ့ အဖြေက သင့်ရဲ့အားထုတ်မှုတွေကို ဖော်ပြပေးပြီး အောင်မြင်မှုအတွက် သင့်ရဲ့အတိုင်းအတာ စနစ်အဖြစ်ထမ်းဆောင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒါအရေးကြီးပါတယ်။ ဘယ်မှာအဆုံးသတ်ချင်တာလဲဆိုတာသိချင်ရင် အဲဒီအဆုံးသတ်နေရာကို ဘယ်လိုရောက်အောင်သွားမလဲဆိုတာ အဖြေရှာကြည့်ဖို့အများကြီးပိုလွယ်သွားပါပြီး။ သင့်ရည်မှန်းချက်ဟယပုဂ္ဂုလ်ရေးလည်းဖြစ်ချင်ဖြစ်မယ်၊ဒါမှမဟုတ် အလုပ်ခွင်နဲ့ဆိုင်တဲ့ ရည်မှန်းချက်လည်းဖြစ်ချင်ဖြစ်မယ်။ အတတ်ပညာ တစ်ခုခု ကိုပြန်သင်ယူဖို့အချိန်လိုအပ်တဲ့ ပရောဂျက်တစ်ခု သင့်ဆီကျလာတာမျိုး၊သင့်ဆီမှာ သင့်အထက်လူုကြီးမြင်ချင်တဲ့ စွမ်းဆောင်ရည် အတိုင်းအတာတစ်ခုခုစသဖြင့် ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သင့်မန်နေဂျာ (သို့မဟုတ်)သင့်လုပ်ဖော်ကိုင်ဖက်တွေက သတ်မှတိထားတဲ့ နောက်ဆုံးပိတ်အချိန် တွေကိုမမီတာမျိုးသင်မဖြစ်ချင်တော့တာလည်းရှိနိုင်ပါတယ်။အဓိကကျတာက သင့်ရဲ့ကိုယ်ပိုင်ရည်မှန်းချက်နဲ့ သင့်ရဲ့မန်နေဂျာက သင့်အတွက် ချမှတ်ပေးလိုက်တဲ့ အလုပ်ခွင်နဲ့ဆိုင်တဲ့ ရည်မှန်းချက်တွေကိုက်ညီအောင်လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။

saving score / loading statistics ...