eng
competition

Text Practice Mode

အမှိုက်မချတာလည်း သီလ၊ ရေခလုတ် မီးခလုတ်ပိတ်တာလည်း သီလ (မောင်သာချို)

created Jun 12th 2020, 09:20 by TheingiTun


1


Rating

52 words
2 completed
00:00
(တစ်)
ဒဿနိကဗေဒပညာရပ်နယ်ပယ်မှာ ထင်ရှားတဲ့ အက်သစ် (Ethic)ဆိုတဲ့ စကားလုံးဟာ အခုအချိန်မှာဖြင့် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးထဲမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းပြောဆိုလို့နေပါပြီ။ မြန်မာလိုဘာသာပြန်ထားတာတွေကဖြင့် အများသားပေါ့။ ပြည်သူ့နီတိလို့ပြန်ထားတာကလေး တွေ့ဖူးမိပါတယ်။ လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်သိက္ခာ၊ ကျင့်ဝတ်တရား၊ ကိုယ်ကျင့်တရားဆိုပြီး ပြန်ဆိုထားကြတာတွေကလည်း အများအပြားပါပဲ။ လူသုံးနည်းနည်းကလေးများတာကတော့ "ကိုယ်ကျင့်တရား"ပေါ့။
ဆရာကြီး ဦးအောင်သင်း အသက်ထင်ရှားရှိစဥ် ခရီးတစ်ခုအတူသွားကြရင်းနဲ့ "ဆရာ "ကိုယ်ကျင့်တရား" ဆိုတာ ဘာလဲဆရာရဲ့" လို့ မေးကြည့်မိဖူးပါတယ်။ ဆရာက သူ့ထုံးစံအတိုင်း ခပ်ငေါက်ငေါက်ကလေးနဲ့ "ဟ... ကိုယ်ကျင့်ဆိုမှတော့ သူကျင့်တာမဟုတ်ဘူးပေါ့"တဲ့။ ကျွန်တော်တို့ တော်တော့်ကို သဘောကျခဲ့ကြရပါတယ်။ ဟုတ်တယ်။ ကိုယ်ကကျင့်ရတဲ့တရားမို့ ကိုယ်ကျင့်။ တစ်နည်းပြောရရင်တော့ သီလပါပဲ။ စောင့်ထိန်းခြင်းပါပဲ။ စောင့်ထိန်းတယ်ဆိုမှတော့ မျက်မှောက်မျက်ကွယ် နေရာဒေသမရွေး လိုက်နာဆောင်ရွက်ရပေမပေ့ါ။
 

saving score / loading statistics ...